ယနေ့မျက်မှောက်ခေတ်မှာ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းတွေကို အချက်အလက်တွေ ပေးပို့ရန်အတွက် နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ အသုံးပြုကြပါတယ်။ ကျွန်တော်တို့ပို့လိုက်တဲ့ အချက်အလက်တွေကို ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းတွေက နားမလည်ကြပါဘူး။ သူတို့နားလည်တာက ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော့်ကွန်ပျူတာကနေ သူငယ်ချင်းတစ်ယောက်ဆီကို How are you? ဆိုတဲ့ မက်ဆေ့ချ် ပို့လိုက်တယ်ဆိုရင် ဒီမက်ဆေ့ချ်ကို ကွန်ပျူတာနားလည်တာက အောက်ပါအတိုင်း ဖြစ်ပါတယ်။
\u0048\u006f\u0077\u0020\u0061\u0072\u0065\u0020\u0079\u006f\u0075\u003f
အဲ့ဒီ ကိန်းဂဏန်းတွေကို အခြား အခြားကွန်ပျူတာ (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းကနေ လက်ခံရရှိပြီဆိုတာနှင့် လူသားတွေနားလည်နိုင်တဲ့ စကားလုံးတွေအဖြစ် ဘာသာပြန်ပြီး How are you? ဆိုတဲ့ မက်ဆေ့ချ်ကို ကွန်ပျူတာ (သို့်မဟုတ်) မိုဘိုင်းလ်ဖုန်းရဲ့ Screen မှာ ဖေါ်ပြပေးတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေကို ယူနီကုဒ်လို့ ခေါ်ကြပါတယ်။ အက္ခရာတစ်လုံးချင်းစီအတွက် သီးသန့်ကိန်းဂဏန်း တစ်ခုခြင်းစီနှင့် သတ်မှတ်ထားပါတယ်။
ဥပမာ မြန်မာလို…
ကို ယူနီကုဒ်လိုဆိုရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
စကားလုံးတစ်လုံးချင်းစီအနေနှင့် ဆိုရင်…
- နေ = \u1014\u1031
- ကောင်း = \u1000\u1031\u102c\u1004\u103a\u1038
- လား = \u101c\u102c\u1038
အက္ခရာတစ်လုံးချင်းစီဆိုရင်…
- A = \u0041 (U+0041)
- B = \u0042 (U+0042)
- C = \u0043 (U+0043)
- a = \u0061 (U+0061)
- b = \u0062 (U+0062)
- c = \u0063 (U+0063)
- က = \u1000 (U+1000)
- ခ = \u1001 (U+1001)
- ဂ = \u1002 (U+1002)
စသည်ဖြင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Keyboard ကနေ (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းကနေ နှိပ်လိုက်တဲ့ Key တိုင်းမှာ သတ်မှတ်ထားတဲ့ ယူနီကုဒ် နံပါတ်တွေ ရှိပါတယ်။ အဲ့ဒီ နံပါတ်တွေကို Code Point လို့ခေါ်ဆိုပြီး Hexadecimal လို့ခေါ်တဲ့ ကိန်းဂဏန်စနစ်နှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နည်းပညာရှင်တွေကတော့ ယူနီကုဒ်နံပါတ်တွေကို U+[Hexadecimal] ပုံစံနှင့် မှတ်သားကြပါတယ်။ ကကြီးအတွက် သတ်မှတ်ထားတဲ့ ယူနီကုဒ်နံပါတ်ဖြစ်တဲ့ \u1000 (သို့မဟုတ်) U+1000 က ကကြီးအတွက်ပဲဖြစ်ပါတယ်။ ဒီနံပါတ်နေရာမှာ အခြားမြန်မာအက္ခရာ (သို့) အခြားနိုင်ငံတွေက အက္ခရာမရှိနိုင်ပါဘူး။ ဒါဟာ စံသတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ယူနီကုဒ်ဟာ နည်းပညာဆိုင်ရာ ပစ္စည်းတွေအတွက် အက္ခရာ စံသတ်မှတ်ချက် တစ်ခုလို့ ပြောကြတာ ဖြစ်ပါတယ်။ ယူနီကုဒ် စံသတ်မှတ်ချက်ထဲမှာ အခြားနိုင်ငံအသီးသီးက အက္ခရာတွေနှင့် သင်္ကေတတွေလည်း ပါဝင်ပါတယ်။ အဲ့ဒီလို စံသတ်မှတ်ချက် ရှိတဲ့အတွက် နိုင်ငံတစ်ခုရဲ့ ဘာသာစကားမှ အခြားနိုင်ငံတစ်ခုရဲ့ ဘာသာစကားကို အလွယ်တကူ ပြောင်းလဲနိုင်တဲ့ နည်းပညာတွေလည်း ပေါ်ထွက်လာပါတယ်။ နောက်ပြီးတော့ Application တွေမှာလည်း မိမိနှစ်သက်တဲ့ ဘာသာစကားကို အလွယ်တကူ ပြောင်းလဲပြီး အသုံးပြုနိုင်သလို၊ မိမိရေးသားထားတဲ့စာကို အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ခြင်းကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုတာ ကြာပြီးဖြစ်တဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေကိုတော့ မှန်ကန်အောင် ဘာသာပြန်နိုင်ပေမယ့်၊ ကျွန်တော်တို့ မြန်မာဘာသာကအခုမှ နိုင်ငံအဆင့်အနေနှင့် ယူနီကုဒ်ကိုစတင်အသုံးပြုဖို့ ခြေလှမ်းပြင်နေတာဖြစ်တဲ့အတွက် မြန်မာဘာသာကနေ အခြားဘာသာစကားကို ၁၀၀% အဓိပ္ပါယ်ပြည့်စုံစွာ မပြောင်းနိုင်သေးပါဘူး။ ၁၀၀% မှန်ကန်အောင် ဘာသာပြန်နိုင်ဖို့ဆိုရင် ယူနီကုဒ်ကို လူများများ သုံးစွဲဖို့လိုသလို၊ အဆင်ပြေရင် မှန်ကန်တဲ့သဒ္ဒါ၊ စကားလုံးတွေကို Google Translate မှာ ထောက်ပြ၊ ပြင်ဆင်ပေးပြီး ပူးပေါင်း ပါဝင်ကူညီခြင်းဖြင့် တဖြည်းဖြည်းမှန်ကန်လာမှာ ဖြစ်ပါတယ်။